ဘရူနို ဖာနန်ဒက်စ်က သူနဲ့ တူတဲ့ ကစားသမား မဟုတ်ဘူးလို့ ပေါစခိုးလ် ငြင်းချက်ထုတ်

မန်ချက်စတာ ယူနိုက်တက်မှာ ခြေစွမ်းတောက်ပနေတဲ့ ကွင်းလယ်တိုက်စစ်သမား ဘရူနို ဖာနန်ဒက်စ်ဟာ ယခင် ဂန္တဝင် ကွင်းလယ်သမား ပေါစခိုးလ်နဲ့ နှိုင်းယှဉ် ချီးကျူးမှုတွေ ခံယူထားရပြီး နည်းပြ ဆိုးရှား ကိုယ်တိုင်က ဖာနန်ဒက်စ် က စခိုးလ်နဲ့ တူတဲ့ ကစားသမားလို့ အကြိမ်ကြိမ် ထုတ်ဖော် ပြောဆိုထားပါတယ်။

ဖာနန်ဒက်စ် က ပြီးခဲ့တဲ့ ဇန်နဝါရီကမှ ယူနိုက်တက် ထံ ရောက်ရှိလာခဲ့တာ ဖြစ်ပြီး ကွင်းလယ်ကနေ အသင်းကို ကြီးမားတဲ့ သက်ရောက်မှုကြီး ရှိအောင် စွမ်းဆောင်ပြထားပါတယ်။ ဆိုးရှားကတော့ ဖာနန်ဒက်စ်ဟာ စခိုးလ်နဲ့ ဆင်တူတဲ့ အရည်အချင်း ကစားပုံ ရှိတယ်လို့ ယူဆထားပါတယ်။

ပေါစခိုးလ်ကတော့ ဖာနန်ဒက်စ်က သူနဲ့ သိပ်ကြီး တူတဲ့ ကစားသမား မဟုတ်ဘူးလို့ ငြင်းချက်ထုတ်ကာ ရှင်းလင်း ပြောဆိုခဲ့ပါတယ်။

” ကျနော်ကတော့ ဖာနန်ဒက်စ်နဲ့ ကိုယ့်ဘာသာ တူတယ်လို့ မထင်မိဘူး။ သူနဲ့ ကျနော့်ကို နှိုင်းယှဉ် ပြောဆိုမှုတွေ ရှိတယ် ဆိုတာ သိပါတယ်။ ကျနော်ကတော့ လုံး၀ မတူကြတဲ့ ကစားသမားတွေလို့ ထင်တာပါ။

သူက ကွင်းထဲမှာဆို ကျနော့်ထက် ရှေ့ပိုတက် ကစားတယ်။ သူက ပြိုင်ဘက်တွေကို ကျော်ဖြတ်နိုင်တဲ့ အရည်အချင်းကောင်းတွေ ရှိတယ်။ ဂိုးတွေလည်း သွင်းချင်ပုံရတယ် ဘယ်နေရာက မဆို ကန်သွင်းတတ်တဲ့သူ ဖြစ်တယ်။ ဘောလုံးလည်း ကောင်းကောင်း ပေးပို့နိုင်တယ်။ တည်ကန်ဘောတွေ ဖရီးကစ်တွေ ကန်တာလည်း သူက တော်တယ်။

ဒါပေမယ့် ကျနေ်ာကတော့ ကျနေ်ာနဲ့ သူက လုံး၀ မတူဘူးလို့ ထင်တယ်။ တစ်ခု ယှဉ်စရာ ရှိတာက ဂိုးပေါက် ကို ကန်သွင်းတာပဲ။ ကျနော်တို နှစ်ယောက်လုံး ကွင်းလယ်ဖြစ်ပေမယ့် ဂိုးသွင်းချင်ကြတယ်။ ကိုယ့် အထောင် တိုက်စစ်သမားကို တွက်ချက် ပေးပို့တယ်။ သူ့ တည်ကန်ဘောတွေက အလန်းစားပဲ။ အဲဒီနေရာမှာ ကျနေ်ာက သုံးမရဘူး။ ” လို့ စခိုးလ်က ရှင်းလင်း ပြောဆိုခဲ့ပါတယ်။

Zawgyi – မန္ခ်က္စတာ ယူနိုက္တက္မွာ ေျခစြမ္းေတာက္ပေနတဲ့ ကြင္းလယ္တိုက္စစ္သမား ဘရူနို ဖာနန္ဒက္စ္ဟာ ယခင္ ဂႏၱ၀င္ ကြင္းလယ္သမား ေပါစခိုးလ္နဲ႕ နိႈငး္ယွဥ္ ခ်ီးက်ဴးမႈေတြ ခံယူထားရျပီး နည္းျပ ဆိုးရွား ကိုယ္တိုင္က ဖာနန္ဒက္စ္ က စခိုးလ္နဲ႕ တူတဲ့ ကစားသမားလို႔ အၾကိမ္ၾကိမ္ ထုတ္ေဖာ္ ေျပာဆိုထားပါတယ္။

ဖာနန္ဒက္စ္ က ျပီးခဲ့တဲ့ ဇန္န၀ါရီကမွ ယူနုိက္တက္ ထံ ေရာက္ရွိလာခဲ့တာ ျဖစ္ျပီး ကြင္းလယ္ကေန အသင္းကို ၾကီးမားတဲ့ သက္ေရာက္မႈၾကီး ရွိေအာင္ စြမ္းေဆာင္ျပထားပါတယ္။ ဆိုးရွားကေတာ့ ဖာနန္ဒက္စ္ဟာ စခိုးလ္နဲ႕ ဆင္တူတဲ့ အရည္အခ်င္း ကစားပံု ရွိတယ္လို႔ ယူဆထားပါတယ္။

ေပါစခိုးလ္ကေတာ့ ဖာနန္ဒက္စ္က သူနဲ႕ သိပ္ၾကီး တူတဲ့ ကစားသမား မဟုတ္ဘူးလို႔ ျငင္းခ်က္ထုတ္ကာ ရွင္းလင္း ေျပာဆိုခဲ့ပါတယ္။

” က်ေနာ္ကေတာ့ ဖာနန္ဒက္စ္နဲ႕ ကိုယ့္ဘာသာ တူတယ္လို႔ မထင္မိဘူး။ သူနဲ႕ က်ေနာ့္ကို ႏိႈင္းယွဥ္ ေျပာဆိုမႈေတြ ရွိတယ္ ဆိုတာ သိပါတယ္။ က်ေနာ္ကေတာ့ လံုး၀ မတူၾကတဲ့ ကစားသမားေတြလို႔ ထင္တာပါ။

သူက ကြင္းထဲမွာဆို က်ေနာ့္ထက္ ေရွ႕ပိုတက္ ကစားတယ္။ သူက ျပိဳင္ဘက္ေတြကို ေက်ာ္ျဖတ္နုိင္တဲ့ အရည္အခ်င္းေကာင္းေတြ ရွိတယ္။ ဂိုးေတြလည္း သြင္းခ်င္ပံုရတယ္ ဘယ္ေနရာက မဆုိ ကန္သြင္းတတ္တဲ့သူ ျဖစ္တယ္။ ေဘာလံုးလည္း ေကာင္းေကာင္း ေပးပို႔နုိင္တယ္။ တည္ကန္ေဘာေတြ ဖရီးကစ္ေတြ ကန္တာလည္း သူက ေတာ္တယ္။

ဒါေပမယ့္ က်ေန္ာကေတာ့ က်ေန္ာနဲ႕ သူက လံုး၀ မတူဘူးလို႔ ထင္တယ္။ တစ္ခု ယွဥ္စရာ ရွိတာက ဂိုးေပါက္ ကို ကန္သြင္းတာပဲ။ က်ေနာ္တို နွစ္ေယာက္လံုး ကြင္းလယ္ျဖစ္ေပမယ့္ ဂိုးသြင္းခ်င္ၾကတယ္။ ကိုယ့္ အေထာင္ တိုက္စစ္သမားကို တြက္ခ်က္ ေပးပို႔တယ္။ သူ႔ တည္ကန္ေဘာေတြက အလန္းစားပဲ။ အဲဒီေနရာမွာ က်ေန္ာက သံုးမရဘူး။ ” လို႔ စခိုးလ္က ရွင္းလင္း ေျပာဆိုခဲ့ပါတယ္။