အပြောင်းအရွှေ့မှာ ယူနိုက်တက်ကို အနိုင်ယူနိုင်မယ်လို့ ယုံကြည်ချက် မြင့်နေတဲ့ ဘိုင်ယန်

UNICODE – ယူနိုက်တက်ဟာ လေဗာကူဆင်အသင်း တိုက်စစ်သမား ကိုင်းဟာဗက်ကို ခေါ်ယူဖို့ စိတ်ဝင်စားပေမယ့် နောက်ကောက် ချခံရနိုင်ခြေ မြင့်မားလာခဲ့ပြန်ပါပြီ။

Independent က ဖော်ပြမှုအရ ဘိုင်ယန်ဟာ လာမယ့် ရာသီအတွက် ငယ်ရွယ်တဲ့ ဂျာမာန်သား တိုက်စစ်သမားကို ခေါ်ယူနိုင်မယ်လို့ ယုံကြည်ချက် မြင့်မားနေပါတယ်။ ဘွန်ဒက်လီဂါ ဦးဆောင်သူက လာမယ့် အပတ်တွေမှာ ကိုင်းဟာဗက်ကို ခေါ်ယူရေး ကိစ္စအား တရားဝင် စတင်နိုင်ဖို့ထိ မျှော်လင့်ထားပါတယ်။

ဟာဗက် ကိုယ်တိုင်ကလည်း ငယ်ရွယ်တဲ့ ကစားသမားဘဝမှာ ဂျာမနီပြင်ပထွက်ပြီး ကစားဖို့ထက် ပြည်တွင်းမှာပဲ ကျင်လည်လိုစိတ် ရှိနေတယ်လို့ သိရတယ်။ ဘိုင်ယန်ဟာ ဆာနေးနဲ့ ဟာဗက်ကို နွေ အဓိက ပစ်မှတ်တွေအဖြစ် ချိန်ရွယ်ထားပြီး ဂျာမနီ အစုအဖွဲ့ကို တည်ဆောက်လိုစိတ် ပြင်းပြနေပါတယ်။

ယူနိုက်တက်ဟာ အစ်ဟာလိုကို လက်မှတ်ထိုးပြီးနောက်မှာ ကစားသမားသစ် ခေါ်ယူရေး ကိစ္စတွေအတွက် အနည်းငယ် တည်ငြိမ်လာပြီး ဘယ်နေရာက အဓိက ခေါ်ယူသင့်တဲ့ နေရာလဲဆိုတာကို စိစစ်မှုတွေ လုပ်နေပါတယ်။ အဓိက အားဖြင့် ညာတောင်ပံဟာ တိုက်စစ်မှူးထက် ပိုမို အင်အားဖြည့်တဲ့ နေရာလားဆိုတာကို သေချာ စဉ်းစားသွားမှာပါ။

ယူနိုက်တက်ရဲ့ ခံစစ်ပိုင်းက မက်ဂွဲရားနဲ့ ဘစ်ဆာကာ ရောက်လာပြီးနောက် တည်ငြိမ်လာသလို ပရီးမီးယားလိဂ် ပြန်လည် စတင်လာရင် ပေါ့ဘာနဲ့ ဖာနန်ဒက်စ်အတွဲကို စတင် အသုံးပြုတော့မှာဖြစ်တယ်။ မန်နေဂျာ ဆိုးရှားက တောင်ပံသမား ဆန်ချိုကို ခေါ်ယူခြင်းက ဟာဗက်ထက် ပိုပြီး သင့်လျော်မယ့် ခေါ်ယူမှု ဖြစ်မယ်လို့ ယူဆထားကြောင်းလည်း သိထားရပါတယ်။

ZAWGYI – ယူႏုိက္တက္ဟာ ေလဗာကူဆင္အသင္း တိုက္စစ္သမား ကိုင္းဟာဗက္ကို ေခၚယူဖို႔ စိတ္ဝင္စားေပမယ့္ ေနာက္ေကာက္ ခ်ခံရႏုိင္ေျခ ျမင့္မားလာခဲ့ျပန္ပါျပီ။

Independent က ေဖာ္ျပမႈအရ ဘိုင္ယန္ဟာ လာမယ့္ ရာသီအတြက္ ငယ္ရြယ္တဲ့ ဂ်ာမာန္သား တိုက္စစ္သမားကို ေခၚယူႏုိင္မယ္လို႔ ယံုၾကည္ခ်က္ ျမင့္မားေနပါတယ္။ ဘြန္ဒက္လီဂါ ဦးေဆာင္သူက လာမယ့္ အပတ္ေတြမွာ ကိုင္းဟာဗက္ကို ေခၚယူေရး ကိစၥအား တရားဝင္ စတင္ႏုိင္ဖို႔ထိ ေမွ်ာ္လင့္ထားပါတယ္။

ဟာဗက္ ကိုယ္တုိင္ကလည္း ငယ္ရြယ္တဲ့ ကစားသမားဘဝမွာ ဂ်ာမနီျပင္ပထြက္ျပီး ကစားဖို႔ထက္ ျပည္တြင္းမွာပဲ က်င္လည္လိုစိတ္ ရွိေနတယ္လို႔ သိရတယ္။ ဘိုင္ယန္ဟာ ဆာေနးနဲ႔ ဟာဗက္ကို ေႏြ အဓိက ပစ္မွတ္ေတြအျဖစ္ ခ်ိန္ရြယ္ထားျပီး ဂ်ာမနီ အစုအဖြဲ႔ကို တည္ေဆာက္လိုစိတ္ ျပင္းျပေနပါတယ္။

ယူႏုိက္တက္ဟာ အစ္ဟာလိုကို လက္မွတ္ထိုးျပီးေနာက္မွာ ကစားသမားသစ္ ေခၚယူေရး ကိစၥေတြအတြက္ အနည္းငယ္ တည္ျငိမ္လာျပီး ဘယ္ေနရာက အဓိက ေခၚယူသင့္တဲ့ ေနရာလဲဆိုတာကို စိစစ္မႈေတြ လုပ္ေနပါတယ္။ အဓိက အားျဖင့္ ညာေတာင္ပံဟာ တိုက္စစ္မွဴးထက္ ပိုမို အင္အားျဖည့္တဲ့ ေနရာလားဆိုတာကို ေသခ်ာ စဥ္းစားသြားမွာပါ။

ယူႏုိက္တက္ရဲ႕ ခံစစ္ပိုင္းက မက္ဂြဲရားနဲ႔ ဘစ္ဆာကာ ေရာက္လာျပီးေနာက္ တည္ျငိမ္လာသလို ပရီးမီးယားလိဂ္ ျပန္လည္ စတင္လာရင္ ေပါ့ဘာနဲ႔ ဖာနန္ဒက္စ္အတြဲကို စတင္ အသံုးျပဳေတာ့မွာျဖစ္တယ္။ မန္ေနဂ်ာ ဆိုးရွားက ေတာင္ပံသမား ဆန္ခ်ိဳကို ေခၚယူျခင္းက ဟာဗက္ထက္ ပိုျပီး သင့္ေလ်ာ္မယ့္ ေခၚယူမႈ ျဖစ္မယ္လို႔ ယူဆထားေၾကာင္းလည္း သိထားရပါတယ္။