ယနေ့နောက်ဆုံးရ ယူနိုက်တက် ညနေခင်းသတင်းများ (06/06/20)

မန်ချက်စတာ ယူနိုက်တက် နည်းပြ ဆိုးရှားက ပရီးမီးယားလိဂ် ပွဲတွေ ပြန်စတာနဲ့ ကစားရမယ့် ပွဲဦးထွက် စပါးနဲ့ပွဲမှာတည်းက ယူနိုက်တက်ဟာ အသင်းရဲ့ အကောင်းဆုံးပုံစံ ပြန်ရယူရမယ်လို့ သတိပေးလိုက်ပြီး ဒီပွဲအတွက် အားခဲထားတာ တော်တော့်ကို ကြာခဲ့ပြီလို့ ဆိုခဲ့ပါတယ်။

ယူနိုက်တက် အငှားခေါ်ယူထားတဲ့ တိုက်စစ်မှူး အစ်ဟာလို က သူ့အနေနဲ့ ပွဲထဲမှာ လူမျိုးရေးခွဲခြားခံရပြီး ဒိုင်လူကြီးက ပြဿနာကောင်ကို အရေးမယူဘူး ဆိုရင် ကွင်းထဲကနေ တခါတည်း ထွက်သွားဖို့ ဆုံးဖြတ်ထားကြောင်း ပြောဆိုခဲ့ပါတယ်။

စပါးတိုက်စစ်မှူး ကိန်းကတော့ သူ့အသင်းဟာ အာရုံစိုက်စရာ အခြား ပြိုင်ပွဲတွေလည်း မရှိတာကြောင့် ပရီးမီးယားလိဂ်မှာ အားစိုက်ကာ ချန်ပီယံလိဂ် ဝင်ခွင့် အတွက် ကြိုးပမ်းသွားမှာ ဖြစ်ပြီး ယူနိုက်တက်နဲ့ ပွဲတည်းက အကောင်းဆုံး စတင်သွားမယ်လို့ ဆိုလိုက်ပါတယ်။

ယူနိုက်တက် ကွင်းလယ်တိုက်စစ်သမား ဘရူနို ဖာနန်ဒက်စ်ဟာ ပေါ စခိုးလ် လက်သစ်လို့ နှိုင်းယှဉ်ချီးကျူးနေကြပေမယ့် စခိုးလ်ကတော့ သူနဲ့ ဖာနန်ဒက်စ်ဟာ ကစားပုံရော ကျွမ်းကျင်မှုချင်းပါ မတူကြကြောင်း ထောက်ပြပြောဆိုခဲ့ပါတယ်။ ဖာနန်ဒက်စ်ဟာ သူ မလုပ်နိုင်တဲ့ တည်ကန်ဘော အလန်းစား ကန်တာတွေ လုပ်နိုင်သူပါလို့ စခိုးလ်က ချီးကျူးခဲ့ပါတယ်။

မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ကာလကြာရှည် စောင့်ကြည့်နေခဲ့တဲ့ ဆန်ချို အပြင် ဒေါ့မွန်မှ ဟာကီမီကိုပါ တပြိုင်နက်တည်း ခေါ်ယူဖို့ စိတ်ဝင်စား နေပါတယ်။

ပရီးမီးယားလိဂ် ကလပ်အသင်းတွေဟာ အငှားစေလွှတ်ထားတဲ့ ကစားသမားတွေ သက်တမ်းကုန်လို့ အသီးသီး ပြန်လာသည့်တိုင် မိခင်ကလပ် အသင်းတွေနဲ့ လက်ကျန် ပွဲစဉ်များမှာ ပါဝင်ကစားခွင့် မရှိဘူးလု့ိ အတည်ပြုချက် ထွက်တော့မှာ ဖြစ်ပါတယ်။ ဒါကြောင့် စမောလင်း၊ ဆန်းချက်တို့လို ကစားသမားတွေ ပြန်လာရင်တောင် ယူနိုက်တက် ထည့် ကစားခွင့် ရှိမှာ မဟုတ်တော့ပါဘူး။

ယူနိုက်တက်ဟာ ကွင်းလယ် တိုက်စစ် အတွက် ဂျက် ဂရေးလစ်ချ်ကို ပြန်လည် ဦးစားပေးလာခဲ့ပြီး ကိုင်ဟာဗက်ဇ်ကိုလည်း ဆက်လက် ချိတ်ဆက်နေကြောင်း သိရပါတယ်။

Zawgyi – မန္ခ်က္စတာ ယူနိုက္တက္ နည္းျပ ဆိုးရွားက ပရီးမီးယားလိဂ္ ပြဲေတြ ျပန္စတာနဲ႕ ကစားရမယ့္ ပြဲဦးထြက္ စပါးနဲ႕ပြဲမွာတည္းက ယူနုိက္တက္ဟာ အသင္းရဲ႕ အေကာင္းဆံုးပံုစံ ျပန္ရယူရမယ္လို႔ သတိေပးလိုက္ျပီး ဒီပြဲအတြက္ အားခဲထားတာ ေတာ္ေတာ့္ကုိ ၾကာခဲ့ျပီလို႔ ဆိုခဲ့ပါတယ္။

ယူႏိုက္တက္ အငွားေခၚယူထားတဲ့ တိုက္စစ္မႉး အစ္ဟာလို က သူ႔အေနနဲ႔ ပြဲထဲမွာ လူမ်ိဳးေရးခြဲျခားခံရၿပီး ဒိုင္လူႀကီးက ျပႆနာေကာင္ကို အေရးမယူဘူး ဆိုရင္ ကြင္းထဲကေန တခါတည္း ထြက္သြားဖို႔ ဆုံးျဖတ္ထားေၾကာင္း ေျပာဆိုခဲ့ပါတယ္။

စပါးတိုက္စစ္မွဴး ကိန္းကေတာ့ သူ႔အသင္းဟာ အာရံုစိုက္စရာ အျခား ျပိဳင္ပြဲေတြလည္း မရွိတာေၾကာင့္ ပရီးမီးယားလိဂ္မွာ အားစိုက္ကာ ခ်န္ပီယံလိဂ္ ၀င္ခြင့္ အတြက္ ၾကိဳးပမ္းသြားမွာ ျဖစ္ျပီး ယူနုိက္တက္နဲ႕ ပြဲတည္းက အေကာင္းဆံုး စတင္သြားမယ္လို႔ ဆိုလိုက္ပါတယ္။

ယူနိုက္တက္ ကြင္းလယ္တိုက္စစ္သမား ဘရူနို ဖာနန္ဒက္စ္ဟာ ေပါ စခိုးလ္ လက္သစ္လို႔ နိႈင္းယွဥ္ခ်ီးက်ဴးေနၾကေပမယ့္ စခိုးလ္ကေတာ့ သူနဲ႕ ဖာနန္ဒက္စ္ဟာ ကစားပံုေရာ ကၽြမ္းက်င္မႈခ်င္းပါ မတူၾကေၾကာင္း ေထာက္ျပေျပာဆုိခဲ့ပါတယ္။ ဖာနန္ဒက္စ္ဟာ သူ မလုပ္နုိင္တဲ့ တည္ကန္ေဘာ အလန္းစား ကန္တာေတြ လုပ္နုိင္သူပါလို႔ စခိုးလ္က ခ်ီးက်ဴးခဲ့ပါတယ္။

မန္ခ်က္စတာ ယူနိုက္တက္ အသင္းဟာ ကာလၾကာရွည္ ေစာင့္ၾကည့္ေနခဲ့တဲ့ ဆန္ခ်ိဳ အျပင္ ေဒါ့မြန္မွ ဟာကီမီကိုပါ တျပိဳင္နက္တည္း ေခၚယူဖို႔ စိတ္ဝင္စား ေနပါတယ္။

ပရီးမီးယားလိဂ္ ကလပ္အသင္းေတြဟာ အငွားေစလႊတ္ထားတဲ့ ကစားသမားေတြ သက္တမ္းကုန္လို႔ အသီးသီး ျပန္လာသည့္တိုင္ မိခင္ကလပ္ အသင္းေတြနဲ႕ လက္က်န္ ပြဲစဥ္မ်ားမွာ ပါ၀င္ကစားခြင့္ မရွိဘူးလု႔ိ အတည္ျပဳခ်က္ ထြက္ေတာ့မွာ ျဖစ္ပါတယ္။ ဒါေၾကာင့္ စေမာလင္း၊ ဆန္းခ်က္တို႔လို ကစားသမားေတြ ျပန္လာရင္ေတာင္ ယူနုိက္တက္ ထည့္ ကစားခြင့္ ရွိမွာ မဟုတ္ေတာ့ပါဘူး။

ယူနိုက္တက္ဟာ ကြင္းလယ္ တိုက္စစ္ အတြက္ ဂ်က္ ဂေရးလစ္ခ်္ကို ျပန္လည္ ဦးစားေပးလာခဲ့ျပီး ကိုင္ဟာဗက္ဇ္ကိုလည္း ဆက္လက္ ခ်ိတ္ဆက္ေနေၾကာင္း သိရပါတယ္။