လက်ရှိ နွေ အပြောင်းအရွှေ့ကာလ ဈေးကွက်ထဲမှာ ပြောင်းရွှေ့ကြေး မပေးရဘဲ အလွတ်နဲ့ ရနိုင်တဲ့ အကောင်းဆုံး ကစားသမားများ အကြောင်းကို အပိုင်း ၂ အဖြစ် ဆက်လက် ဖော်ပြပေးပါမယ်။
၄) ဂျိမ်းစ် ရိုဒရီဂွက်ဇ် (နောက်ဆုံးကလပ် – ဆာပေါ်လို)
ကိုလံဘီယာ စူပါစတားကလည်း ဒီနွေမှာ အလွတ်နဲ့ ခေါ်ယူနိုင်သူပါ။ အသက် ၃၃ နှစ် အရွယ် ပလေးမိတ်ကာ ကစားသမားဟာ ဥရောပဘက် ပြန်လာချင်နေပါတယ်။
၃) မန်းဖစ် ဒီပေး (နောက်ဆုံးကလပ် – အက်သလက်တီကို မက်ဒရစ်)
နယ်သာလန် တိုက်စစ်မှုး ဒီပေးဟာ ဒီနွေမှာ အသင်းလက်မဲ့ ဖြစ်နေတဲ့ နောက်ထပ် ထိပ်တန်း တိုက်စစ် တစ်ဦး ဖြစ်ပါတယ်။ အသက် ၃ဝ အရွယ် တိုက်စစ်မှုးဟာ မှော်ဆန်တဲ့ အစွမ်းတွေ ပြသနိုင်နေဆဲ ဖြစ်ပြီး လောလောဆယ်မှာတော့ ချိတ်ဆက်နေတဲ့ ကလပ် မရှိသေးဘူးလို့ အံ့အားသင့်ဖွယ် သိရပါတယ်။
၂) မာရီယို ဟာမိုဆို (နောက်ဆုံးကလပ် – အက်သလက်တီကို မက်ဒရစ်)
အသက် ၂၉ နှစ် အရွယ် စပိန်သားဟာ ဗဟိုခံစစ်ရော ဘယ်စွန်မှာပါ ကစားနိုင်သူပါ။ ဈေးကွက်ထဲ အလွတ်နဲ့ ခေါ်နိုင်မယ့် ထိပ်တန်း တစ်ဦး ဖြစ်တာကြောင့် ချိတ်ဆက်နေတဲ့ ကလပ်တွေ မနည်းပါဘူး။ ၎င်းကို အီတလီကလပ်တွေ ဖြစ်တဲ့ အေစီမီလန်၊ အင်တာမီလန်၊ နာပိုလီတို့ အားလုံးက ချိတ်နေပြီး ပရီးမီးယားလိဂ်မှာ ဝက်စ်ဟမ်း၊ အက်စတွန်ဗီလာ တို့ကလည်း စိတ်ဝင်စားနေပါတယ်။
၁) ရာဘီရော့ (နောက်ဆုံးကလပ် – ဂျူဗင်တပ်)
ပြင်သစ် လက်ရွေးစင် ကွင်းလယ် ကစားသမားဟာ ဂျူဗီနဲ့ စာချုပ်ကုန်လို့ ထွက်ခွာလာတာကြောင့် ဒီနွေမှာ အလွတ်နဲ့ ရနိုင်သူ တစ်ဦး ဖြစ်ပါတယ်။ အသက် ၂၉ နှဏ် အရွယ် ကစားသမားဟာ ကလပ်အတွက်ရော နိုင်ငံအသင်း အတွက်ပါ အရေးပါသူ တစ်ဦး ဖြစ်ပါတယ်။
လီဗာပူးနဲ့ သတင်းထွက်ထားပေမယ့် မဟုတ်ဘူးလို့ သတင်းထောက် ရိုမန်နိုက ငြင်းဆန်ထားကာ မန်ချက်စတာ ယူနိုက်တက်နဲ့လည်း သတင်း ရှိထားပါတယ်။